မင်္ဂလာပါ
အခုတင်ပေးမယ့် App လေးကတော့ ဖုန်းပျောက်လို့ပဲဖြစ်ဖြစ် နေရာအထားမှားလို့ပဲဖြစ်ဖြစ် နေရာအတိအကျကို ပြပေးမယ့် App လေးပါ ဖုန်းကို အသံနဲ့အချက်ပြခိုင်းလို့လဲရပါတယ် ဖုန်းထဲက Data တွေကိုလှမ်းဖျက်လို့ရပါတယ် ဖုန်းကို အသုံးပြု့မရအောင် လော့ချလို့လဲရပါတယ် GPS ကိုဖွင့်ထားပီးမှရှာရမှာပါ (မှတ်ချက်) ပျောက်နေတဲ့ဖုန်းမှာ Gmail အကောင့်ဖွင့်ထားမှရှာလို့ရမှာပါ အဆင်ပြေမှာပါ လုပ်နည်းလေးတွေကို ပုံလေးတွေနဲ့ပြထားပါတယ် စိတ်ဝင်စားရင် ဒေါင်းပြီးအသုံးပြုနိုင်ပါတယ်
ဒီမှာဒေါင်းပါ
ပျောက်နေတဲ့ဖုန်းကိုရှာရန် အောက်က ခလုတ်ကိုနှိပ်ပါ
ပျောက်နေတဲ့ဖုန်းထဲက Gmail ကိုထည့်ပါ
password ထည့်ပါ
ဒီမှာတွေ့နေပါပီ battery ရာခိုင်နှုန်းတောင်ပြနေပါတယ် အသံကိုဖွင့်ရန်ကိုနှိပ်ပါ ဖုန်းရှိနေတဲ့နေရာမှာ အသံနဲ့အချက်ပြနေမှာပါ
လော့ချရန်ကို နှိပ်မယ်ဆိုရင် အခုလိုလေးပေါ်လာမှာပါ password ထည့်ပီး လော့ချနိုင်ပါတယ်
data များကို ဖျက်ရန်ကိုနှိပ်မယ်ဆိုရင်တော့ ပျောက်နေတဲ့ဖုန်းထဲက data ကို လှမ်းဖျက်ပေးသွားမှာပါ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်
No comments:
Post a Comment